Sunday, December 9, 2012

ကော်ပြန့်လေး လုပ်စားမယ်


ပါဝင်တဲ့အရာတွေကတော့

    
♦ မုန်လာဥနီ (သို့ ) ခါကြက်ဥ
    
♦ မျှစ်

♦ ကြွက်နားရွက်မို
    
♦ ပဲကြာဇံ
    
♦ ပုဇွန်
    

♦ ဆီ
    
♦ ကြက်သွန်မြိတ်
    
♦ နံနံပင်
   
♦ ဂေါ်ဖီ (သို့မဟုတ်) ပဲတီပင်ပေါက် တို့ပါပဲ။



========================================


♦ အရင်ဆုံး မုန်လာဥနီ (ခါကြက်ဥ) ကို မီးခြစ်ဆံချောင်းလောက် အရွယ်လေးတွေလှီးပါတယ်။

 ♦ မျှစ်အတုံးဆိုလျှင်လဲ မျှစ်ကိုမုန်လာဥနီနဲ့ အရွယ်တူလောက်လှီးပါ။

 ♦ ပဲတီပင်ပေါက်ကိုရေးဆီးထားပြီး၊ ကြက်သွန်မြိတ်၊ နံနံပင်စတာတွေကိုလဲ ပါးပါးလှီးထားပါ။

♦ ပုဇွန်ကိုတော့ အခွံသင် ၊ သန့်ရှင်းပြီး အတုံးသေးသေးလေးတွေ တုံးပြီးဆားလေးနဲ့ နယ်ထားလိုက်ပါတယ်။

♦ (မေ့တော့မလို့ ကြွက်နားရွက်၊ ပဲကြာဇံ တို့ကိုလဲ ရေစိမ်ထားပြီး၊ ပျော့လာလျှင် ကြွက်နှစ်ရွက်ကိုပါးပါးလေးတွေလှီးထားပါ၊
ပဲကြာဇံကိုလဲ အနေတော်ဖြတ်တောက်လိုက်ပါတယ်။)♦

♦ အရင်ဆုံး ဆီအိုးတည်ပြီး ကြက်သွန်ဖြူဆီသပ် ပါတယ်။

♦ မွှေးလာရင်တော့မုန်လာဥနီ၊ ကြွက်နှစ်ရွက်တို့ကိုအရင်ကြော်ပါတယ်။

♦ ခဏနေလျှင် ဂေါ်ဖီ၊နံနံပင်၊ ကြက်သွန်မြိတ်၊ ပုဇွန်၊ ပဲကြာဇံ နဲ့  မျှစ်တို့ကိုတပါတည်းထည့်ပြီး၊ဆားအနည်းငယ်ထည့်ပါ။

♦ ကြိုက်တတ်ရင် အချိုမှုန့် (သို့ ) သကြား (သို့ )ကြက်သားမှုန့် တို့ကိုထည့်ပါ။

♦ အားလုံး ကျက်ပြီးအရသာအနေတော်လောက်ဆိုလျှင် မီးပိတ်လိုက်ပါ။

♦ ကော်ပြန့်  ဖတ်တွေကိုတော့ရေခဲသေတ္တာထဲက အစောကြီးကြိုပြီး ထုတ်ထားလိုက်ပါတယ်။


=======================================


ခြောက်သွေ့  ၊ သန့်ရှင်းတဲ့ မျက်နှာပြင်တခုခုပေါ်မှာ ဖြန့်ထားပြီးအဆာတွေကို အလယ်တည့်တည့်မှာပုံပါ။
ပြီးလျှင် ဘေးနှစ်ချက်ကိုပါ၊ အလည်ဘက်သို့ခေါက်ပြီး ၊ အလိုက်သင့်လိပ်သွားရပါတယ်၊
လိပ်ပြီးသားကော်ပြန့် တွေကိုအစိမ်းစားနိုင်သလို ၊ကြော်ပြီးစားလဲ ရပါတယ်။

အစိမ်းကိုတော့ ရေနွေးငွေ့  နဲ့ ပေါင်းပြီး အချဉ်ရေ၊ ဆလပ်ရွက်တို့နဲ့ တွဲဖက်စားသုံးနိုင်ပါတယ်။

မစားဖြစ်လို့ ကျန်နေမယ့် ကော်ပြန့်  တွေကို ရေဆွတ်ပြီး ညှစ်ထားတဲ့ အ၀တ်သန့် သန့်နဲ့ ထုတ်ပြီးရေခဲသေတ္တာထဲမှာ သိမ်းထားနိုင်ပါတယ်။

No comments:

Post a Comment