Sunday, December 9, 2012

ကင်မ်ချီထမင်းကြော်လေးပါနော်


♫ ♥ ကင်မ်ချီထမင်းကြော်လေးပါနော် ♥ ♫


ကင်မ်ချီက ကိုယ်တိုင်လုပ်ထားတဲ့ ကင်မ်ချီပါ။ အဲ့ဒါကို ပါးပါးလေးတွေ လှီးပါတယ်။


ပြီးတော့ ပြည်ကြီးငါးရယ်၊ ပုစွန်ရယ်၊ ပဲပြားရယ်၊ ကြွက်နားရွက်မှိုရယ်၊ မုန်လာဥနီရယ်၊ တရုတ်နံနံတို့ရယ်ကို အရွယ်တော်လေးတွေ

လှီးသင်ထားပါတယ်။

ပြီးတော့မှ ကြက်သွန်ဖြူလေးဓားပြားရိုက် ဆီပူထဲထည့် ဆီသတ်ပြီးတော့ ပဲပြားထည့်၊ ပြည်ကြီးငါးရယ် ပုစွန်ရယ်ထည့်၊
 
ပြီးတော့ မုန်လာဥနီရယ်၊ ကြွက်နားရွက်မှိုလေးရယ်ထည့်ကြော်၊ နည်းနည်းလေးနွမ်းသွားပြီဆိုတာနဲ့ ကင်မ်ချီထည့်၊
 
ထမင်းတွေထည့်၊ကြက်သားမှုန့်လေးထည့်၊ဆားလေးနည်းနည်းထည့်ပြီး ကြော်။
 
 
 
ပြီးရင် အပေါ့အငန်မြည်း၊ အနံ့မွှေးရအောင်လို့ တရုတ်နံနံရွက်လေး ရိတ်ရိတ်ပါအောင်
 
လှီးထားတာလေး ထည့်လိုက်တယ်။


ကဲ.......အဲ့ဒါဆို ကင်မ်ချီထမင်းကြော် ချဉ်ငံစပ်လေး ရပြီနော်။

လွယ်တယ်၊ စားလို့ကောင်းတယ်နော်။



လုပ်စားကြည့်ကြပါဦးနော်။

No comments:

Post a Comment