Tuesday, July 17, 2012

အိမ်ချက်ဒန်ပေါက်၊ ချဉ်ပေါင်ဟင်းချို၊ ဘာလချောင်ကြော်၊ သခွားသီးအချဉ်သုပ်

အိမ်ချက်ဒန်ပေါက်၊ ချဉ်ပေါင်ဟင်းချို၊ ဘာလချောင်ကြော်၊ သခွားသီးအချဉ်သုပ်
 ဒန်ပေါက်ချက်နည်းတွေက တော့ လွယ်လွယ်တွေ့ နေရတာဆိုတော့ ရေးနေဘို့ မလိုတော့ဘူးထင်ပါတယ်။ ကြက်သားဘဲလွယ်လွယ်ကြော်စားလိုက်မယ်တွေးထားပြီး ရုတ်တရက်စိတ်ကူးပြောင်းပြီး ကမန်းကတန်းဘဲချက်ဖြစ်လိုက်ပါတယ်။ အဲဒီအရင်နေ့ က ကုလားဆိုင်က နေဈေးဝယ်ထားတော့ အာရုံက လွယ်လွယ်ရောက်သွားတာဖြစ်မယ်ထင်ပါတယ်။

 ကုလားဆိုင်က၀ယ်လာတဲ့ သရက်သီးသနပ်နဲ့ တွဲစားပါတယ်။

ကြက်သားကရင်ပုံတွေချည့်ဆိုတော့ သိပ်နှပ်ဘို့ မလိုဘူးလေ။ ခဏလေးနဲ့ နူးတယ်။ ဒိန်နဲ့ မဆလာနဲ့ တော့ ၁၅မိနစ်လောက်နှပ်လိုက်ပါတယ်။ ပြီးမှ ပြုတ်ကြော်ဆန်ဆန်လုပ်ပြီးမှ ထမင်းတလွှာကြက်သားတလွှာထဲ့ပြီးနှပ်တာပါ။ ပုံထဲကအတိုင်း စပျစ်ခြောက်၊ ကြက်သွန်နီကြော်မဆလာမွှေထားတာတွေ၊ ဆီတွေ၊ အရောင်ရည်တွေ ထဲ့ပြီး ထမင်းကိုနှပ်လိုက်တာပါ။


 
 ချဉ်ပေါင်ဟင်းချိုလေးနဲ့ ဆိုတော့ အအီပြေတာပေါ့။
 ငရုတ်သီးစိမ်းကိုလည်း ဆားနဲ့ တို့ ပြီးကိုက်စားရင် ဒန်ပေါက်နဲ့ လိုက်တယ်လေ။
 သခွားသီးသုပ်ကို ပူစီနံ ထဲ့ ငရုတ်သီးစိမ်းထဲ့ပြီး သံပုရာသီးနဲ့ ချို၊ချဉ်၊စပ်သုပ်ပါတယ်။
ဘာလချောင်ကြော်ကတော့ နောက်တခေါက်စားမှ ကြော်ဖြစ်တယ်။ ပထမတခါက အရမ်းဗိုက်ဆာနေလို့ မစောင့်နိုင်ကြတော့လို့ ဒီတိုင်းစားလိုက်ကြပါတယ်။ ဘာလချောင်ကြော်နဲ့ ဆိုတော့ပိုလိုက်တာပေါ့။


အချိုပွဲအဖြစ် အအီပြေ စတော်ဘယ်ရီ လေးနဲ့ ..

ခုတလော..စိတ်မကောင်းစရာတွေချည့်ကြားနေရလို့ ဘာမှမလုပ်ချင်လောက်အောင်စိတ်တွေ ညှိုးနွမ်းနေမိပါတယ်။ ဒါက ဟိုး ပြီးခဲ့တဲ့ အပါတ်ကလုပ်စားဖြစ်တာပါ။

ခံစားချက်တွေတောင်ရေးဖြစ်တော့မလို့ ၊သိပ်ကိုယ်ရေးကိုယ်တာဆန်ပြီး လာဖတ်သူတွေကို အားနာစရာဖြစ်ကုန်မှာစိုးတာနဲ့ ဘဲ။ ဘရိတ်အုပ်ထားရတယ်။

အားလုံးစိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေရှင်။
ခင်မင်လေးစားသော
အိုင်အိုရာ

No comments:

Post a Comment