Sunday, December 9, 2012

မန္တလေးမြီးရှည်


မန္တလေးမြီးရှည်မှာ ပါဝင်သောအရာများကတော့


◈နန်းလတ်

◈ကြက်သား

◈ပဲတီပင်ပေါက်

◈ကော်မှုန့်

◈ပဲငါးပိ

◈ဆီတို့ဖူး

◈နံနံပင်

◈ကြက်သွန်ဖြူ

◈ငံပြာရည်

◈ကြက်သားအမှုန့်

◈ဆီ

◈ဂျူံလုံးကြော် တို့ပါပဲ။
 
ပြုလုပ်နည်း

⇨အရင်ဦးဆုံး နန်းလတ်အဖတ် ကို ပြုတ်ပါတယ်။ နူးလာလျှင် ဖယ်ထားပါတယ်။

⇨ကြက်သားကိုလဲ ကြက်သားမှုန့် ၊ ချင်းအနည်းငယ်ထည့်ပြီး ပြုတ်ပါတယ်။
နူးလာလျှင် အသားတွေ နွှင်ပြီး၊ အရိုးကိုကြက်သားပြုတ်ဟင်းရည်အိုးထဲ ပြန်ထည့်ပါတယ်။

⇨သံပုရာသီးအနည်းငယ်၊ ဆား နဲ့ ကြက်သွန်မြိတ်နည်းနည်းထည့်ပြီးဟင်းရည်ချက်ပါတယ်။

⇨ပဲပင်ပေါက်ကို ရေဆေးပြီး ရေနွေးမှာ ခဏတာ စိမ်ထားလိုက်ပါ။

⇨ဆီတို့ဖူးကိုလဲ ရေနွေးအနည်းငယ်ထည့်ပြီး ချေထားပါ။ 

⇨အိုးအငယ်တခုထဲမှာတော့ ကော်မှုန့်ကို ရေဖျော်ပြီး မီးအနည်းငယ်နဲ့ မပြစ်မကျဲအနေအထားကျိုလိုက်ပါ။

⇨ဆီကျက်ကိုကြက်သွန်ဖြူဆီကျက်၊ ငရုပ်သီးဆီကျက်ချက်ထားပါ။

⇨အိုးတခုထဲတွင်လဲ ဂျူံလုံးကလေးများကိုကြော်ပါ။

စားရမည့်အမယ်များအားလုံးအဆင်သင့်ဖြစ်ပြီဆိုလျှင် မန္တလေးမြီးရှည်စားသုံးဖို့ပြင်ဆင်နိုင်ပါပြီ။

မိမိစားမည့်ပန်းကန်ထဲသို့
⇨နန်းလတ်ဖတ်တယောက်စာ၊
⇨ပဲပင်ပေါက်၊
⇨ကြက်သား၊
⇨ဆီတို့ဖူးဖျော်ရည် ၂စွန်း၊
⇨ပဲငပိအနည်းငယ်၊
⇨ဆီကျက် ၂မျိုး၊
⇨ငံပြာရည်၊
⇨နံနံပင်၊
⇨ကော်ရည်ခဲ နှင့်
⇨ဂျူံလုံးကြော်တို့ ထည့်ပါ။

ကြိုက်တတ်လျှင် အချိုမှုန့် ထည့်ပြီး အရသာအဆင်ပြေသလို သုပ်စားနိုင်ပါတယ်။
မန္တလေးမြီးရှည်ကို ရှမ်းချဉ်  ၊ကြက်ပြုတ်ဟင်းရည်ပူပူတို့နှင့် တွဲဖက်သုံးဆောင်နိုင်ပါကြောင်း။

 

No comments:

Post a Comment